သစ်ကောင်းအိမ်အတွက် ကဗျာ နှလုံးသား အားတိုးဆေး

March 5, 2013
ကမာပုလဲ
မတ်လ ၅၊ ၂၀၁၃
နှလုံးသားကို အစားထိုး ကုသလို့ရတယ်
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး ဇော်ကြီး …။
မင်းရော ငါရော
မသေခင် ကဗျာတွေ ရေးနေကြရမှာပဲ ဇော်ကြီး …။
ကဗျာက ကဗျာလို နေပြီး
ငါတို့က ကဗျာထဲမှာ နေထိုင်ကြတယ်
ငတ်တယ် … ဆင်းရဲတယ် … လူအထင်အမြင်သေးတယ်
မဆန်းဘူး ဇော်ကြီး …။
မင်းရော ငါရော
သူမနဲ့ သူတို့ကို အထင်ကြီးခဲ့ကြ
မင်းရော ငါရော
သူတို့ကို ထောင်တန်းအကျခံပြီး ချစ်ခဲ့ကြ
မင်းရော ငါရော
၂၀၀၈၊ ၂၀၁၀ နဲ့ ၂၀၁၁ ကြားဖြတ်ကြီးကို
တူးတူးခါးခါး ဆန့်ကျင်ခဲ့ကြ
မထွေးနိုင် မမြိုနိုင် ခံစားချက်တွေ ကဗျာဖြစ်ခဲ့ကြ
မဆန်းဘူးဇော်ကြီး …။
သေချာတာက
ဒီခေတ်မှာ သံခင်းတမန်ခင်း အနမ်းတွေထဲ
တဏှာရာဂ စွက်နမ်းလို့ ရတယ်
အကျိုးစီးပွားတွေ ရင်းနှီးမြုပ်နှံလိုက်လို့ ရတယ်
မျက်နှာပြောင်တိုက်ပြီး ကမ္ဘာပတ်နေလို့ ရတယ်
အေး … ဒါပေမဲ့ … ဒါကို
ကဗျာက သိတယ်
ကဗျာကို ညာလို့မရဘူး ဇော်ကြီး …။
မင်းသေလဲ မြေကြီးပဲ ဖြစ်မယ်
ငါသေလဲ မြေကြီးပဲ ဖြစ်မယ်
ကဗျာတွေကတော့ မသေနိုင်ဘူး ရှင်တယ် ဇော်ကြီး …။
မင်း နှလုံးသား ကျန်းမာရေးမကောင်းဘူးဆိုတော့
မင့်နှလုံးသား ကျန်းမာဖို့ကို
ကဗျာစစ်စစ်တွေနဲ့ ကုသလိုက်စမ်းပါ ဇော်ကြီး …
ကဗျာနဲ့ နေထိုင်ပါ ဇော်ကြီး …
ကဗျာတွေအတိုင်း သစ္စာမြဲစေ ဇော်ကြီး …
မင့်ကဗျာတွေ ကျန်းမာသန်စွမ်းနေတာ
ချစ်သင့်သူတွေကို ချစ်တတ်ပြီး
မုန်းသင့်သူတွေကို မုန်းတတ်လို့ပဲ ဇော်ကြီးရေ … ။
နှလုံးသားကို အစားထိုးကုသလို့ ရတယ်
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး
အေး …
သစ်ကောင်းအိမ်ဆိုတဲ့ကောင်ကိုလည်း အစားထိုးလို့မရဘူး ဇော်ကြီး … ။ ။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကမာပုလဲ

Comments are closed.

Western Union

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly မေလထုတ် ထွက်ပြန်ဘီ တဲ့ ...

မိုးမခမှာ ကြော်ငြာပါ …

မိုးမခမာတိကာစဉ်

Twitter: moemaka

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

၁၃။ ကိုလတ် စာပေ---၃၁လမ်း

၁၄။ ပစ်တိုင်းထောင်စာပေ-- ဗိုလ်ချုပ်လမ်း

၁၅။ ပါရမီ စာပေ-- ၂၉ လမ်း

၁၆။ စာပေဟင်းလေးအိုးကြီး-- လမ်း၃၀

၁၇။ ကျော်သိန်းစာပေ--၃၂ လမ်း

၁၈။ စောဦးစာပေ-- ၃၁ လမ်း

၁၉ ။ ရာပြည့် စာပေ-- ပန်းဆိုးတန်း အထက်လမ်း

၂၀။ စာပေလောက (၅)--ပန်းဆိုးတန်း အလယ်လမ်းတို့တွင်

ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် နန်းဦးစာပေ (၀၁- ၃၇၈၄၀၈၊ ၀၁-၂၅၁၁၈၇ )သို့လည်းကောင်း ၊ရန်အောင်စာပေ (ရန်ကင်း)သို့လည်းကောင်း ဆက်သွယ်၍ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ

By

  ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ (မိုးမခ) ဧပြီ...

Read more »

မိုးမခ လစဉ် မဂ္ဂဇင်း ၂၀၁၅ မတ်လထုတ် တကယ်ထွက်ပြီ

By

မိုးမခ လစဉ် မဂ္ဂဇင်း ၂၀၁၅ မတ်လထုတ် တကယ်ထွက်ပြီ (မိုးမခ) မတ် ၁၄၊...

Read more »

မိုးမခ ၂၀၁၅ ဖေဖော်ဝါရီလထုတ် အတွဲ ၂၊ အမှတ် ၂ တကယ်ထွက်ဖြစ်မည်

By

  မိုးမခ ၂၀၁၅ ဖေဖော်ဝါရီလထုတ် အတွဲ ၂၊ အမှတ် ၂ တကယ်ထွက်ဖြစ်မည်...

Read more »

၂၀၁၅ နှစ်သစ်အတွက် အတွဲ ၂၊ အမှတ် ၁ – မိုးမခလစဉ်မဂ္ဂဇင်း အခု ထွက်ပြီ

By

၂၀၁၅ နှစ်သစ်အတွက် အတွဲ ၂၊ အမှတ် ၁ – မိုးမခလစဉ်မဂ္ဂဇင်း အခု...

Read more »

Recent Comments

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

မိုးမခမှာ ကြော်ငြာပါ